What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Monday, 14 May 2018 15:04
အဆီပြန်တဲ့အသားအရေ ပိုင်ရှင်များအတွက် နည်းလမ်းကောင်း(၆) ချက်
အဆီပြန်တဲ့အသားအရေ ပိုင်ရှင်များအတွက် နည်းလမ်းကောင်း(၆) ချက် google.com
အသားအရေအမျိုးအစား အများကြီးရှိကြပါတယ်။ အဲ့ဒီထဲမှာမှ အဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်များလည်း ရှိကြမှာပါ။
အဆီပြန်တတ်သူတွေမှာ အဆီထုတ်ဂလင်းတွေက အဆီတွေ အလွန်အကျွံထုတ်နေတဲ့အတွက် မျက်နှာမှာ အဆီတဝင်းဝင်းဖြစ်ရတဲ့အပြင် ဝက်ခြံ၊ ဆားဝက်ခြံ၊ ချွေးပေါက်ကျယ်ခြင်းနဲ့ ချွေးပေါက်ပိတ်ခြင်းများ ဖြစ်တတ်ပါတယ်။
ဒီလိုပြဿနာတွေ မဖြစ်ရလေအောင် အဆီပြန်ခြင်းနှင့် အရေပြားပြဿနာများကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကောင်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။
အဆီပြန်ခြင်း၏ ကောင်းကျိုးတစ်ချို့လည်း ရှိပါသေးတယ်။ အဆီတွေက အရေပြားအပေါ်ယံလွှာကို အစိုဓာတ်ထိန်းပေးတဲ့အတွက် အရေးကြောင်းဖြစ်ခြင်းနဲ့ ဇရာလက္ခဏာများကို လျော့နည်းစေပါတယ်။
အဆီပြန်နေတဲ့သူများအတွက် နည်းလမ်းကောင်းလေး (၆) ခုကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်နှာသေချာဆေးကြောသန့်စင်ပါ။
Related image
အဆီပြန်ခြင်းကို လျော့နည်းစေဖို့ အဓိကလုပ်ပေးသင့်တဲ့အရာတစ်ခုကတော့ မျက်နာကို သေချာဆေးကြောပေးဖို့ပါ။ မျက်နှာမှာ စုပုံလာတဲ့ အဆီတွေ၊ အမှုန့်အမှိုက်တွေကြောင့် ချွေးပေါက်တွေ မပိတ်ရလေအောင် တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်ခန့် မျက်နှာသစ်ပေးသင့်ပါတယ်။ မိမိအသားအရေနဲ့ သင့်တော်မည့် မျက်နှာသစ်ဆေးများကို သုံးပေးသင့်ပါတယ်။ မျက်နှာကိုကြမ်းကြမ်းတမ်းတမ်း သစ်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုဆေးခြင်းက မျက်နှာအစိုဓာတ် ကိုဆုံရှုံးစေပြီး အဆီတွေကို ပိုထွက်စေပါတယ်။
(၂) မျက်နှာကို ဂျီးချွတ်သန့်စင် Scrub သုံးပေးပါ။
Image result for using scrub
နောက်တစ်နည်းကတော့ မျက်နှာကို ပုံမှန်ဂျီးချွတ်ပေးဖို့ပါ။ မျက်နှာမှာ ဆဲလ်အသေတွေ စုပုံလာမယ်၊ ဂျီးတွေ စုပုံလာမယ်ဆိုရင် ဝက်ခြံ၊ အဆီဖုနဲ့ ဆားဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။ အဲ့လို ဆဲလ်အသေတွေ၊ ဂျီးတွေ ၊ ဖုန်မှုန့်တွေဖယ်ရှားပေးဖို့အတွက် ဆဲလ်အလွှာသစ်တွေ ဖွဲ့စည်းနိုင်ဖို့အတွက် ပုံမှန်ဂျီးချွတ်သန့်စင် scrub လုပ်ပေးသင့်ပါတယ်။
(၃) တပတ်တစ်ခါ မျက်နှာကိုပေါင်းတင်ပါ။
Image result for ပေါင်းတင်
မိမိအသားအရေကို ဂျီးချွတ်ပြီးပြီဆိုရင်တော့ ပေါင်းတင်ပေးဖို့လိုပါတယ်။ အရေးကြီးပါတယ်။ Bentoniteနဲ့ kaolin သဘာဝရွှံ့​စေး၊ စန္ဒကူးနဲ့ ​မြေ​စေးတစ်​မျိုး ဟာ အဆီကို စုပ်​ယူ​ပေးနိုင်​တဲ့အတွက်​ အဆီပြန်​အသားအရည်အတွက်​ အထူး​ကောင်းမွန်​ပါတယ်​။
(၄) အရက်​မပါတဲ့ တိုနာကို ​နေ့စဉ်​အသုံးပြု​ပေးပါ။
Related image
၅။ အစိုထိန်းခရင်​မ်​​တွေကိုလည်း မ​မေ့ပါနဲ့။
     အဆီပြန်​တတ်​တဲ့အသားအရည်​ဟာလည်း အစိုဓာတ်​ရှိဖို့ လိုအပ်​ပါတယ်​။ မျက်​နှာက အစိုဓာတ်​​တွေကို ကုန်​စင်​သွား​အောင်​ ဖယ်​ရှား​ခြင်းက အဆီထုတ်​ဂလင်း​တွေကို အဆီပိုထုတ်​​စေနိုင်​ပြီး အဆီပြန်​ခြင်းကို ပိုဆိုး​စေနိုင်​ပါတယ်​။ ​ရေဓာတ်​များပြီ့း အဆီမပါတဲ့ အစိုဓာတ်​ထိန်းခရင်​မ်​မျိုးကို ​ရွေးချယ်​အသုံးပြုသင့်​ပါတယ်​။
၆။ ​နေ​ရောင်​ကာခရင်​မ်​​တွေအမြဲလိမ်း​ပေးပါ။
Image result for protect sun shine crean
     အဆီပြန်​မှာဆိုးတဲ့အတွက်​ အမျိုးသမီး​တော်​​တော်​များများဟာ ​နေ​ရောင်​ကာခရင်​မ်​ကို မလိမ်းပဲ ​နေတတ်​ကြပါတယ်​။ ဒီလိုမလိမ်းတဲ့အတွက် ​နေ​ရောင်​နဲ့ ထိ​တွေ့တဲ့အခါ​ မျက်​နှာမှာ မှဲ့​ခြောက်​၊ အမည်းစက်​​တွေ ဖြစ်​လာတတ်​ပါတယ်​။ ဒါ​ကြောင့်​ အဆီပြန်​ အသားအရည်​အတွက်​ သင့်​​တော်​မယ့်​ ​နေ​ရောင်​ကာခရင်​မ်​ကို ​ရွေးချယ်​အသုံးပြုသင့်​ပါတယ်​။ အသင့်​စားအစားအစာများနဲ့ အချိုများတာ​တွေကို ​ရှောင်​ပြီး ​ခန္ဓာကိုယ်​အဆိပ်​အ​တောက်​​တွေကို စွန့်​နိုင်​ဖို့ ​ရေများများ​သောက်​သင့်​ပါတယ်​။ အသီးအရွက်​ များများစား​ပေးပါ။ ဒီလိုနည်းလမ်း​ကောင်း​တွေကို ပုံမှန်​လိုက်​နာ​ဆောင်​ရွက်​ခြင်းက မျက်​နှာပြင်​​ပေါ်က အဆီ​တွေကို ​လျော့နည်း​စေနိုင်​ပြီး စို​ပြေဝင်းပတဲ့ အသားအရည်​​လေးကို ပိုင်​ဆိုင်​​စေမှာပါ။
Source: Dr Myanmar
 Read: တပတ်အတွင်း တင်းရင်းလှပတဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်ဖို့
တပတ်အတွင်း တင်းရင်းလှပတဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်ဖို့
Read times Last modified on Monday, 14 May 2018 15:16
Rate this item
(0 votes)