What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 June 2022 14:21

ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ချေ အများဆုံးရှိသူများ

ရင်းသားကင်ဆာရောဂါက အမျိုးသမီးများတွင်အများဆုံးဖြစ်ပွားသောရာဂါတစ်မျိုးဖြစ်သော်လည်း အမျိုးသားများလည်းဖြစ်ပွားနိုင်ပါတယ်။

သိုပေမဲ့ အသားများဖြစ်ပွားမှုနှုန်းက အမျိုးသမီးများထက် ၂၀ ရာခိုင်နှုန်းသာ ဖြစ်ပွားနိုင်ပါတယ်။ ရင်သားကင်ဆာ ဆိုတာ ရင်သားရှိဆဲလ်များ ထိန်းချုပ်ခြင်းမရှိဘဲ ကြီးထွားလာခြင်းကနေ စတင်ဖြစ်ပွားသောရောဂါ တစ်ခုဖြစ်ပါတယ်။ အဆုတ်ကင်ဆာပြီးရင် ဒုတိယလူ သေဆုံးမှုအများဆုံး ကင်ဆာတစ်မျိုးဖြစ်ပါသော်လည်း ယနေ့ခေတ်တွင် ရင်သားကင်ဆာပျောက် ဆေးဝါးများ ထွန်းကာသည်နှင့်အမျှ သေဆုံးမှုကလည်း လျော့ကျလာနေပါတယ်။

ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ချေရှိသူများ

ဟောမုန်းအစားထိုးကုထားသော အမျိုးသမီးများ ၊ အဝလွန်သော အမျိုးသမီးများ ၊ အသက် ၄၅ နှစ်မတိုင်ခင် သွေးဆုံးကိုင်သော အမျိုးသမီးများ ၊ ကလေးမရှိသော အမျိုးသမီးအိမ်ထောင်သည်များ၊ အသက် ၃၀ ကျော်မှ ကလေးမွေးတဲ့ အမျိုးသမီးများ နဲ့ တခါတရံ မျိုးရိုဗီဇကြောင့်လည်း ရင်းသားကင်ဆာရောဂါကို အများဆုံး ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါအပြင် ဆေးလိပ်သောက်တဲ့ အမျိုးသမီးများ ၊ နို့ နဲ့ နို့ထွက် ပစ္စည်း များများစားသောက်တာ ၊ အရက်အလွန်အက ျွံ သောက်တာ ၊ ရေဒီယို သတ္တိကြွ အနီးအနားတွင် အလုပ်လုပ်သူများ ၊ ဓာတုဗေဒ ဆေးဝါးလုပ်ငန်းတွင် လုပ်ကိုင်နေသော လုပ်သားများ က ကင်ဆာ ာဂါများကို အများဆုံးဖြစ်ပွား စေနိုင်ပါတယ်။

ရင်သားကင်ဆာရောဂါ လက္ခဏာများ

ရင်းသား (သို့) ချိုင်းအောက်တွင် အကျိတ်တည်တာ ၊ နို့သီးခေါင်းမှ နို့အရည် မဟုတ်သော အခြားအရည် ထွက်ကျလာတာ ၊ သွေးထွက်လာတာ ၊ ရင်းသားပုံဆံ သိသိသာသာပြောင်းလဲတာ ၊ အဖုအထစ်များ ရင်သားပေါ် တွင်ထွက်ပေါ်လာတာ ၊ နာကျင်တာ ၊တင်းမာတာ ၊ ရင်းသားယားယံတာ ၊ နို့သီးခေါင်းချိုင့်ဝင်သွားတာ နဲ့ ရင်သားနီတာ စတဲ့လက္ခဏာများ ဖြစ်ပေါ်လာ နိုင်ပါတယ်။

ရင်သားကင်ဆာ ကုသနည်း

ရင်သားကင်ဆာရောဂါကို ခွဲစိတ်ကုသတာ ၊ ကီမိုဓာတ်ဆေးကုထုံး ၊ ဓာတ်ရောင်ခြည်ကုထုံး ၊ ဟော်မုန်းကုထုံး ၊ ပစ်မှတ်ထားကုထုံး စတဲ့နည်းလမ်းများကို ရင်သားကင်ဆာရောဂါ အဆင့်အလိုက် ဆရာဝန်ရဲ့ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး ကုသမှုခံယူပါ။

Written By Health Products Directory

Read times
Rate this item
(0 votes)