What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 22 December 2018 16:04

သဘာဝ ဆီးဆေးအဖြစ် အသုံးဝင်သော အစားအသောက်များ

ဆီးဆေးဆိုတာဟာ ပါးစပ်က သောက်လိုက်ရင် ခန္ဓာကိုယ်ထဲမှာ ဆီးတွေ ပိုမိုထုတ်လုပ်အောင် လှုံ့ဆော်ပေးတဲ့ ဆေးတွေပဲဖြစ်ပါတယ်။ 

ဒီအခါခန္ဓာကိုယ်မှ ပိုလျှံနေတဲ့ ရေတွေကို စွန့်ထုတ်နိုင်သွားပါတယ်။ ခန္ဓာကိုယ်ရဲ့ တစ်သျှူးအမျိုးမျိုးမှာ အရည်တွေ စုမိနေခြင်းကြောင့် ဖောရောင်နေတဲ့အခါမှာ ဆီးဆေးတွေကို အသုံးပြုရပါတယ်။

 

ဒါ့ပြင် ဆီးဆေးဟာ သွေးတိုး လူနာတွေအတွက် ကုသနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီးဆေးတွေရဲ့ လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ရေတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ရေဟာ သွေးမှာအဓိက ပါဝင်ပြီး ဆီးဆေးသောက်လိုက်တဲ့အခါ သွေးရဲ့ထုထည် လျော့ကျသွားပါတယ်။ ဒီအခါ သွေးလှည့်ပတ်နေစဉ် သွေးကြောနံရံတွေပေါ်မှာ သက်ရောက်တဲ့ အားလျော့သွားပါတယ်။ ဆီးဆေးဆိုရာမှာ ဓာတုဗေဒနည်းနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ ဆီးဆေးတွေရှိသလို အဲဒီဆေးတွေလိုမျိုး ဆီးများများ သွားစေနိုင်တဲ့ အာနိသင်ရှိတဲ့ သဘာဝ အစားအသောက်တွေလည်း ရှိပါတယ်။

 

ခန္ဓာကိုယ်ထဲမှာ အရည်တွေ စုမိနေရင် လေထတာနဲ့ ခြေထောက်ရောင်တာမျိုးတွေ ဖြစ်လာစေပါတယ်။ ဒီလို ဖောရောင်တာမျိုးကို သဘာဝဆီးဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဖောရောင်ခြင်းနဲ့ ဆက်စပ်နေတဲ့ ကိုယ်အလေးချိန် တိုးခြင်းအတွက်လည်း သဘာဝဆီးဆေးတွေက ကူညီနိုင်ပါတယ်။ ကျောက်တည်တာလိုမျိုး ကျောက်ကပ် ပြဿနာတွေကို ကုသရာမှာလည်း သဘာဝဆီးဆေးဖြစ်တဲ့ အောက်ပါ အစားအသောက်တွေက ကူညီနိုင်ပါတယ်။

 

သဘာဝ ဆီးဆေးဖြစ်သော အစားအသောက်များ

သခွားသီး ခရမ်းချဉ်သီး ဖရဲသီး မုန်လာဥနီ ဆလတ်ရွက် ဂေါ်ဖီထုပ် လိမ္မော်သီး ကညွတ် မုန်လာဥဖြူ လက်ဖက်စိမ်း လက်ဖက်ရည် (Green Tea) ကော်ဖီ

 

သတိပြုရန်

အထက်ဖော်ပြပါ အစားအသောက်တွေက သဘာဝအတိုင်း ဆီးသွားပေမယ့် ဆရာဝန် ညွှန်ကြားထားတဲ့ ဆီးဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်ရပ်ပစ်ပြီး ဒီအစားအသောက်တွေ အပေါ်မှာသာ မှီခို အားထားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတိုးတာ ဒါမှမဟုတ် ဖောရောင်တာအတွက် ရောဂါအခြေအနေပေါ် မူတည်ပြီး ဆီးဆေးအစား သဘာဝ အစားအသောက်တွေကိုပဲ စားသောက်ရမလားဆိုတာကို ဆရာဝန်ကသာ ဆုံးဖြတ်ရပါမယ်။ လူနာက ကိုယ့်သဘောနဲ့ကိုယ် မဆုံးဖြတ်သင့်ပါဘူး။

 

ဆီးဆေးတွေနဲ့ မတူတဲ့အချက်ဟာ သဘာဝ အစားအသောက်တွေဟာ ခံတွင်းခြောက်တာနဲ့ ခေါင်းကိုက်တာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေပါဘူး။ ဒါပေမဲ့ ဒီလို ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုတာက အလွန်အကျွံ စားရင်လည်း ဘေးမဖြစ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘယ်အရာပဲ ဖြစ်ဖြစ်တန်ဆေး၊ လွန်ဘေးဆိုတဲ့ စကားကို သတိရပါ။ သဘာဝ ဆီးဆေးအနေနဲ့ အထက်ပါ အစားအသောက်တွေကို အသင့်အတင့် စားပေးရင် အကျိုးကျေးဇူး ရရှိပါလိမ့်မယ်။

 

ဒါ့အပြင် အထက်ဖော်ပြပါ သဘာဝသစ်သီးနဲ့ ဟင်းသီးဟင်းရွက် တွေမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်တာကြောင့် တခြားကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။

 

Yatanarpon

Read times Last modified on Thursday, 04 June 2020 12:48
Rate this item
(1 Vote)