What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 July 2018 13:25

ဆီးကျိတ်ရောဂါအန္တရာယ်ကို ကြက်သွန်ဖြင့် တိုက်ဖျက်နိုင်ပြီ

ဆီးကျိတ်ရောဂါအန္တရာယ်ကို ကြက်သွန်ဖြင့် တိုက်ဖျက်နိုင်ပြီ Google.com

ဆီးကျိတ်ကင်ဆာသည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသားများတွင် အဖြစ်အများဆုံး ဆိုးရွားသည့်ရောဂါများအနက် တစ်ခုဖြစ်ပြီး အသက်အရွယ်ကြီးသော အမျိုးသားများ ဆီးကျိတ်ရောင်ခြင်းသည် ဆီးလမ်းကြောင်းအောက်ပိုင်းရောဂါများ ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။

ကြက်သွန်ဖြူနှင့် ကြက်သွန်နီတွင် ရောင်ရမ်းမှုကို တားဆီးနိုင်သော၊ ကင်ဆာကို ကာကွယ်နိုင်သော ဓာတ်တိုးဆန့်ကျင်မှု အစွမ်း သတ္တိများ ပါဝင်ပြီး ဆီးကျိတ်ရောင်ခြင်းနှင့် ဆီးကျိတ်ကင်ဆာ ကုသရေး အသုံးပြုနေသည်မှာ ကြာပြီဖြစ်သည်။


နှလုံးရောဂါ၊ ကိုလက်စထရောမြင့်မားခြင်းနှင့် သွေးတိုးခြင်း တို့ကို ကာကွယ်ရန် အပါအ၀င် ကြက်သွန်ဖြူ၏ ကျန်းမာရေးအကျိုးကျေးဇူး ၁၅၀ ကျော်ကို လေ့လာမှုများက ဖော်ပြထားပြီး ဦးနှောက်၊ အဆုတ်နှင့် ဆီးကျိတ်ကင်ဆာကဲ့သို့ ကင်ဆာအမျိုးမျိုးဖြစ်နိုင်သည့် အန္တရာယ်ကို ကာကွယ်ရန် အထောက်အကူပြုသည်။

သို့သော် သုတေသီများက ကြက်သွန်နီနှင့် ကြက်သွန်ဖြူ အ မျိုးအစား၊ ယင်းအစားအစာများကို ပြင်ဆင်ပုံနှင့်ပတ်သက်၍ ဖော်ပြထားခြင်းမရှိပေ။

သို့သော် အီတလီနိုင်ငံမှ သုတေသီများ၏ လေ့လာမှုအရကြက်သွန်နီနှင့် ကြက်သွန်ဖြူ များများပါသော အစားအစာများက ဆီးကျိတ်ရောင်ရောဂါ အဖြစ်များနိုင်သည့် အန္တရာယ်များကို လျှော့ချနိုင်ကြောင်း သိရသည်။

ဓာတ်ခွဲခန်းလေ့လာမှုများအရ ကြက်သွန်ဖြူအစိမ်းသည် ဗက်တီးရီးယားများကို သေဆုံးစေနိုင်ပြီး သွေးခဲခြင်းကို ကာကွယ်နိုင်ကာ သွေးတိုးကျစေနိုင်ကြောင်း သိရသည်။

source:7Days

Read: ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၄)

ဆောင်ရန် ၊ ရှောင်ရန် HealthTips များ (၁၄)

Read times Last modified on Wednesday, 18 July 2018 13:33
Rate this item
(2 votes)