What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 27 May 2019 16:24

အိပ်ရေးပျက်ခြင်းကြောင့် နှလုံး နှင့် သွေးလည်မှုများကို ထိခိုက်စေနိုင်

အိပ်ရေးပျက်တယ်ဆိုတာ လိုအပ်တဲ့ အိပ်စက်မှုမရရှိတာကို ခေါ်တာပါ။

လုံလောက်သော အိပ်စက်ချိန်မရှိခြင်း ကြောင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးထိခိုက်စေတာက ဆက်စပ်မှုရှိတယ်လို့ သုတေသီများက လေ့လာသိရှိတာ ကြာပြီး ဖြစ်သော်လည်း လေ့လာမှု အသစ်တပ်ရပ်က အိပ်ရေးပျက်ခြင်းကြောင့် သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

 

အိပ်စက်အနားယူချိန်တွင် ခန္ဓာကိုယ်ရှိသွေးများ ကျဆင်းသွားလေ့ရှိပြီး အိက်စက်ခြင်း နည်းပါးတာကြောင့် သွေးဖိအားများကို ထိန်းမချုပ်နိုင်ခြင်းများ ဖြစ်ပေါ်စေပြီး နှလုံး နှင့် သွေးလည်ပတ်မှုများကို ထိခိုက်စေနိုင်ပါတယ်။

 

သာမန်လူတစ်ယောက်အနေဖြင့် တစ်ညလျှင် ခုနစ်နာရီ ထိ လုံလုံလောက်လောက် အိပ်ဖို့လိုအပ်ပြီး အိပ်ရေးပျက်ခြင်းများက ရေရှည်မှာ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါတယ်။

 

သွေးလည်မှုအတွက် အိပ်စက်ခြင်းက တစ်ထောင့်တစ်ရာက သက်ရောက်မှုရှိပြီး အိပ်စက်နည်းပါက နှလုံးသွေးကြောများထဲတွင် သွေးခဲများ ဖြစ်လာနိုင်ပြီး ကျန်းမာရေး ပြဿနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Read More : တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချနိုင်မည့် နည်းလမ်း ၁၀ ခု

တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချနိုင်မည့် နည်းလမ်း ၁၀ ခု

 

အိပ်စက်နည်းခြင်းကြောင့် သွေးကြောများထဲတွင် အဆီများ စုဝေးခြင်းများဖြစ်ပေါ်စေပြီး နှလုံးထိခိုက်ခြင်း (သို့မဟုတ်) လေဖြတ်ခြင်း စတဲ့ ကျန်းမာရေးပြဿနာများ ကြုံတွေ့နိုင်ကြောင့် ကိုလိုရာဒို သိုလ်ဒါတက္ကသိုလ်မှ သုသေတီများ ဖော်ပြချက်အရ သိရပါတယ်။

 

တစ်နေ့ကို ခြောက်နာရီမျှ အိပ်စက်ခြင်း မရှိခြင်းကြောင့် သွေးလည်ပတ်မှုများအတွက် နှလုံးသွေကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်စေနိုင်ပြီး သွေးကြောနံရံများရှိဆဲလ်များ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်းခြင်း ၊ သွေးကြောများမှ သွေးများ လွယ်ကူစွာစီးဆင်းမှုအတွက် အခက်ခဲများတွေ့နိုင်ခြင်းကြောင့် အခြား အင်္ဂွများနှင့် အစိတ်အပိုင်းများသို့ သွေးရောက်ရှိမှု နည်းပါးသွားစေခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

အိပ်စက်ခြင်းနည်းပါးခြင်းကြောင့် ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေပြီး ရေရှည်တွင် အိပ်ရေးပျက်ခြင်းကြောင် နှလုံးရောဂါ ၊ နှလုံးခုန်နှုန်းများမမှန်ခြင်း ၊ သွေးတိုး ၊ သွေးလည်ပတ်မှုထိခိုက်နိုင်ခြင်း နှင့် သတိလစ်ခြင်း စတဲ့ ဝေဒနာများကို ဖြစ်စေနိုင်ပါတယ်။

 

Ref:7daydaily

Read times Last modified on Monday, 27 May 2019 17:19
Rate this item
(1 Vote)