What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 05 April 2020 11:43

Community Based Facility Quarantine သတ်မှတ်စောင့်ကြည့်ရက်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန်သည့် ပြည်သူ ၁၉ ဦး အား နေရပ်ပြန်ခွင့်ပြု

90251442_832926683874316_4730726126572273664_n.png

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ အထက(၁)တွင် Community Based Facility Quarantine ၌ သတ်မှတ်စောင့်ကြည့်ရက်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သည့် ပြည်သူ ၁၉ ဦးအား နေရပ်ပြန်ခွင့်ပြုလိုက်ကြောင်း သိရသည်။

 

ကျန်းမာရေးကောင်းမွန်သည့် ပြည်သူ ၁၉ ဦးအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ယမန်နေ့ နံနက် ၁၀ နာရီက ကောလင်းမြို့ အထက(၁)တွင် Quarantine အဖြစ် (၁၄)ရက် နေထိုင်သူ (၄၃)ဦး အနက် (၁၉)ဦးသည် (၁၄)ရက်ပြည့်သည်အထိ ကျန်းမာရေးကောင်းမွန်သဖြင့် မိမိတို့၏ ရပ်ကွက်/ကျေးရွာများသို့ ပြန်လည်ရောက်ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာနမှ ထုတ်ပြန်သည့် လိုက်နာရမည့် အချက်များနှင့်အညီ နေထိုင်ကြရန် ထူးခြားမှုရှိပါက သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပို့ကြရန်၊ ကျန်းမာရေးဂရုစိုက်နေထိုင်‌ပေးကြရန်၊ ယခုလိုနေထိုင်ခဲ့ရသည့်အတွက် အကျိုးရလဒ်များကို ပြန်လည်ပြောပေးကြပါရန်နှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်‌ပေး ကြဖို့ မှာကြားပြီး ယခုလို ကူညီကြသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်းပြောကြားခဲ့သည်။

 

အထက(၁)တွင် Community Based Facility Quarantine ၌၂၄ ဦး ကျန်ရှိပြီး ပြည်ပ ၁၈ ဦး၊ ပြည်တွင်း ၆ ဦး ဖြစ်ပြီး အားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

90165828_212716063139335_1462378197545910272_n.png

MOI

Read times
Rate this item
(0 votes)