What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 12 April 2020 13:43

အကူကယ်မဲ့ ကိုဗစ်သဘောၤပေါ်က နယူးဇီလန်သားတို့ရဲ့ မိခင်ရင်ခွင်ပြန်လည်ခိုလှုံခွင့်

COVID.png

 

 

တကယ်လို့သင်သာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သူတွေနဲ့တစ်နေရာတည်းမှာ အတူတူရှိနေမယ်၊ သင်ကိုယ် သင်တောင် ကူးစက်ခံထားရလား မသေချာဘူး။ ကယ်မယ့်သူကလည်း မရှိဘူးဆိုရင် ဘာလုပ်မလဲ။ သေချာတာ ကတော့ ဒါကစိတ်ကူးယဉ်မဟုတ်ပါဘူး။ တကယ့်ဖြစ်ရပ်ပါ။ 

 

ကိုရိုနာဗိုင်းရပ်စ်ရှိတဲ့သူ၊ သံသယရှိခံထားရသူကို ပြန်ခေါ်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့မရပါဘူး။ ဒါပေမယ့် သိထားဖို့လို တာက ဒါဟာစစ်ပွဲတစ်ခုမဟုတ်ပဲ ကပ်ရောဂါဆိုတာပါ။ စစ်ပွဲဆိုခဲ့ရင်တောင် လူသားချင်းစာနာထောက်ထားမှုဆိုတာ ရှိရပါတယ်။ အခုလည်း နယူးဇီလန်အစိုးရအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သဘောၤပေါ်မှာပိတ်မိနေခဲ့သူတွေအတွက် အပြန်ခရီးကို အကောင်းဆုံးအကောင်အထည်ဖော်ပေးခဲ့ပါတယ်။ 

 

သဘောၤတွေဆိပ်ကမ်းအကပ်မခံတဲ့ သတင်းတွေကြားဖူးကြမှာပါ။ အပျော်စီးခရီးကနေ အပျက်ဖြစ် လာမယ်လို့ ဘယ်သူကတွေးမိကြမှာလဲ။ ဒီထဲကမှ Greg Mortimer ဆိုတဲ့သဘောၤကတော့ တော်တော်လေးအခြေ အနေဆိုးပါတယ်။ စုစုပေါင်းခရီးသည် ၂၁၇ဦးပါတယ်။ အာဂျင်တီးနားဆိပ်ကမ်းကနေထွက်လာပြီး သိပ်မကြာခင်မှာ လူတစ်ယောက်စဖျားတယ်။ ခရီးသည်တွေအပြင် သဘောၤပေါ်ပါဆရာဝန်တွေကူးတယ်ဆိုတော့ အဆိုးဝါးဆုံးအခြေ အနေပေါ့။

 

သေချာတာကတော့ သဘောၤပေါ်ပါလူအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးလောက်က ကူးစက်ခံနေရပြီဆိုတာ ပါ။ ဒီတော့ အနီးဆုံးဆိပ်ကမ်းဖြစ်တဲ့ ဥရုဂွေးကိုလမ်းကြောင်းပြောင်းတယ်။ ဒါပေမယ့် ဆိပ်ကမ်းကပ်မခံဘူး။ ဆရာ ဝန်လွှတ်ပြီးကြည့်တယ်။ အခြေနေဆိုးတဲ့သူတွေကို နီးစပ်ရာဆေးရုံခေါ်ပေးတယ်။ ဒါပါပဲ။

 

ဒါပေမယ့် နယူးဇီလန်အစိုးရအနေနဲ့ အဆိုပါသဘောၤပေါ်ပါ နယူးဇီလန်သား ၁၆ ယောက်ကိုတော့ ၁၂ ရက်နေ့(ယနေ့)မှာ အိမ်ပြန်ခေါ်ခဲ့နိုင်ပါပြီ။ ဒီလိုခေါ်ဆောင်နိုင်ဖို့အတွက် အတော်လေးသတိထားအားစိုက်ထုတ် လုပ်ဆောင်ခဲ့ရတာလည်းဖြစ်ပါတယ်။

 

ဒီရောက်ရင်တော့ ဆေးစစ်ခံရမယ်၊ quarantined ခံရပါမယ်။ ဒါပေမယ့် အကူအကယ်မဲ့နေတဲ့ အနေအထားထက်စာရင်တော့ ဒါကအများကြီးပိုကောင်းပါတယ်လို့ နယူးဇီလန်ရဲ့ နိုင်ငံခြား ရေးဌာရဲ့ပြောဆိုခွင့်ရသူ Winston Peters ကပြောဆိုခဲ့ပါတယ်။

 

မတ်လနှောင်းပိုင်းတုန်းက နယူးဇီလန်နိုင်ငံသားစုစုပေါင်း ၃၇၂ ယောက်တို့က အပျော်စီးသဘောၤအစီး ၃၀ ကျော် လောက်မှာပိတ်မိနေခဲ့တာဖြစ်ပြီး ယခုသီတင်းပတ်အစောပိုင်းအရောက်မှာတော့ ၃၀၀ ကျော်လောက်ကို မိခင်နိုင် ငံသို့ပြန်လည်ခေါ်ဆောင်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

 

HPD.png

Read times
Rate this item
(1 Vote)