What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Friday, 24 April 2020 13:32
ကိုရိုနာရောဂါလူနာ မျက်လုံးများ နီမြန်းလာခြင်း
လတ်တလော လေ့လာချက်များ အရ ကိုရိုနာ ရောဂါပိုးကူးစက်ခံရလျှင်မျက်လုံးများ နီမြန်းလာခြင်း ဟာ လူနာတစ်ချို့မှာ တွေ့နေရပါသတဲ့ ထိုမျက်လုံးရဲ့ ထွက်ရှိတဲ့ မျက်ရည် ၊ မျက်ဝတ် စတဲ့ အရာတွေမှ ရောဂါပိုးများထွက်ရှိတယ်သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ကထွက်ရှိခဲ့တဲ့ ရေးသားချက်အရ ကိုရိုနာ ဗိုင်းရစ်ရဲ့ ၁ ရာခိုင်နှုန်း လူနာများ အနေဖြင့် မျက်လုံးအရောင်နီရဲကာ ရောဂါပိုးက မျက်လုံးတွင်ရှိနေကြောင်း သိရပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်က မျက်ဝန်းထဲမှာ လည်း အောင်းနေနိုင်ပါတယ်လို့ အတည်ပြုချက်ထုတ်ပြန်ထားပါပြီ။အမျိုးသားရောဂါရှာဖွေရေးရာ ဌာန မှ ရောဂါ ရှာဖွေစူးစမ်းသူတွေအနေနဲ့ အီတလီမှအသက် ၆၅ နှစ်အရွယ် အမျိူးသမီးတွင် သူမရောဂါပိုးခန္ဓာကိုယ်ထဲရောက်ရောက်ချင်း ထိုမျက်စိက ရောဂါလက္ခဏာပြတာပါတဲ့။
ထိုဖြစ်စဉ်ဟာ တစ်ကမ္ဘာလုံး ခံစားရတဲ့ ကိုရိုနာရောဂါရှင်တိုင်း မှာ ဖြစ်ပွားတဲ့ လက္ခဏာမဟုတ်ပါဘူး ရှားပါးတဲ့ လက္ခဏာပင်ဖြစ်တယ်လို့သိရပါတယ်။
ပြောရရင်တော့ အစက ကိုရိုနာ ရောဂါပိုးကူးစက်ပုံမှာ လူတစ်ဦး နဲ့ တစ်ဦး ကူးစက်တာပါ ဒါ့ထက် တံတွေး ၊ နှာရည် ၊ သွားရေ စတာတွေကနေ လူတစ်ယောက်စီကို ကူးစက်တာပါ ဒါ့ကြောင့် သင့်မျက်နှာ နဲ့ နှာခေါင်းတို့ကို မကိုင်တွယ်ခိုင်းတာပါ။
ပြောရရင်တော့ မျက်လုံးများနီမြန်းတာက ဘက်တီးရီးယား တွေနဲ့ ဗိုင်းရစ်ပ် ပိုးတွေ ရှိနေလို့ပါတဲ့။တခါတစ်လေ ကျရင်လဲ အဆုတ်ရောဂါ နဲ့ ထိုမျက်လုံးနီမြန်းတာတွေက ပတ်သက်နေတယ်သိရပါတယ်။
ဝက်ရှင်းတန် ရဲ့ The Life Care Center မှ သူနာပြု တစ်ဦးမှ ဒီအချင်းအရာကို ပြောကြားချက်ကတော့ ဒီမျက်လုံးနိနေတဲ့ လက္ခဏာကို ခံစားနေရတဲ့ လူတွေက ရောဂါပိုးကူးစက် ခံနေရပေမယ့် အဖျားလည်းမရှိသလို တခြားလက္ခဏာတွေလဲ ဘာမှ မပြပါဘူးတဲ့။
ထိုမျက်လုံးနီမြန်းခြင်းက ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ ရောဂါ လက္ခဏာတွေထဲမယ်တော့ မပါဝင်ပါဘူး သို့ပေမည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ဖြစ်စဉ်တွေထဲမှာတော့ ပါတယ်ဆိုကာ နိုင်ငံအသီးသီးရဲ့ ကျန်းမာရေး စောင့်ရှောက်မှု့ဌာနတွေက လက်ခံထားပါတယ်။
လေ့လာချက်တွေအရတော့ လူနာတွေရဲ့ မျက်လုံးများကလည်း ကိုရိုနာဗိုင်းရပ်စ်မှ တိုက်ခိုက်နိုင်တဲ့ အဓိက အစိတ်အပိုင်းပါ။New England Journal of Medicine ရဲ့ရေးသားချက်အရ တရုတ်ပြည်မှာဆိုရင် ကိုရိုနာ လူနာ အယောက် ၁၀၀၀ ထဲမှ ၉ ယောက်သာ ထိုကဲ့သို့ မျက်လုံးအခြေအနေနှင့်ကြုံရပါသတဲ့။
ထိုရောဂါက ဝူဟန် မှ နေပြီး ကမ္ဘာ အနှံကို စပျံနှံတာ ဒီဇင်ဘာလထဲကပါ အီတလီကိုတော့ ဇန်နဝါရီလ ၂၃ မှာ ရောဂါပိုးရောက်ရှိတယ်သိရပါတယ်။ထိုအမျိုးသမီးကြီးက ချောင်းခြောက်ဆိုးတယ်၊ လည်ချောင်း နာတယ်သိရပြီး မဖျားပါဘူးတဲ့။ ထိုအဆိုပါအမျိုးသမီးကြီးဟာ အီတလီကို ရောဂါပိုး ရောက်ပြီး ၅ ရက်အကြာမှာ ရောဂါစတင်ကူးစက်ခဲ့တာပါ။
ကျန်းမာရေးစောင့်ရှောက်သူတွေက ထိုအမျိုးသမီးရဲ့ မျက်လုံးမှ မျက်ရည်ကို အစမ်းယူ ခါစမ်းသတ်ကြည့်တဲ့ အခါမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုးရှိနေပါသတဲ့။.နောက်သူမ ရောဂါဖြစ်ပွားပြီး ၂၁ ရက်အကြာ မှာ ထိုမျက်ရည်ထဲမှ ရောဂါပိုးက ပျောက်သွားပါတယ် သို့ပေမည့် သူမမျက်လုံးအတွင်းက ရောဂါပိုးကတော့ ရှိနေစဲပါ ရက်အတော်ကြာမှ ပျောက်သွားတယ်သိရပါတယ်။
<<< Zawgyi >>>
-----------------------
Ref ; Daily Mail 
Read times
Rate this item
(0 votes)