What's New



Saturday, 29 April 2023 21:06

ဒတ်ခ်ျတရားရုံးက ကလေး ၅၅၀ အတွက် သုတ်ပိုး လှူခဲ့သူကို အလှူရပ်ရန် အမိန့်ချ

ဒတ်ခ်ျတရားရုံးက ကလေး ၅၅၀ အတွက် သုတ်ပိုး လှူခဲ့သူကို အလှူရပ်ရန် အမိန့်ချ

Saturday, 29 April 2023 20:54

Indomie ခေါက်ဆွဲခြောက်ထုပ် ဘေးကင်းကြောင်း အင်ဒိုနီးရှား ပြောကြား

Indomie ခေါက်ဆွဲခြောက်ထုပ် ဘေးကင်းကြောင်း အင်ဒိုနီးရှား ပြောကြား

Saturday, 22 April 2023 15:05

သင့်မှတ်ဉာဏ်ကို လေ့ကျင့်ပေးပါ

သင့်မှတ်ဉာဏ်ကို လေ့ကျင့်ပေးပါ

Friday, 21 April 2023 12:18

အယ်လ်နီညို အပူလှိုင်းများ ပိုပြင်းထန်မည်

အယ်လ်နီညို အပူလှိုင်းများ ပိုပြင်းထန်မည်

Tuesday, 11 April 2023 19:24

ကင်ဆာနှင့် နှလုံးရောဂါအတွက် ကာကွယ်ဆေးအမျိုးမျိုး ၂၀၃၀ ခုနှစ်တွင် အဆင်သင့်ဖြစ်နိုင်ဟု Moderna မှ ပြောကြား

ကင်ဆာနှင့် နှလုံးရောဂါအတွက် ကာကွယ်ဆေးအမျိုးမျိုး ၂၀၃၀ ခုနှစ်တွင် အဆင်သင့်ဖြစ်နိုင်ဟု Moderna မှ ပြောကြား

Wednesday, 05 April 2023 19:00

တောင်ကိုရီးယား ဆံပင်ဆိုးဆေး ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပါဝင်

တောင်ကိုရီးယား ဆံပင်ဆိုးဆေး  ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပါဝင်

Friday, 31 March 2023 10:00

ရောဂါဖြစ်ကြောင်း သိချိန်မှာ အများဆုံး (၆) လပဲ အသက်ရှင်နိုင်တဲ့ ပန်ကရိယကင်ဆာ

မုန့်ချိုအိတ်ကင်ဆာ (ပန်ကရိယကင်ဆာ) ဆိုတာ အစာအိမ်ရဲ့ အနောက်မှာရှိတဲ့ မုန့်ချိုအိတ်ရဲ့ တစ်ရှူးထဲမှာ ဖြစ်တတ်တဲ့ ကင်ဆာဖြစ်ပါတယ်။ မုန့်ချိုအိတ်ဟာ အစာခြေဖျက်ရာမှာ အရေးပါတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။    မုန့်ချိုအိတ်က ဂလူကဂွန်၊ အင်ဆူလင် စတဲ့ သွေးတွင်းသကြားဓါတ် ဇီဝဖြစ်ပျက်မှုတွေကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးပါတယ်။ အင်ဆူလင်ဟာ ဂလူးကို့စ်ကနေ စွမ်းအင်ဖြစ်စေပြီး ဂလူကဂွန်ဟာ သကြားဓါတ်နည်းနေချိန်မှာ မြှင့်တင်ပေးပါတယ်။   ပန်ကရိယကင်ဆာဟာ အမေရိကန်နိုင်ငံမှာ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ သေဆုံးမှုတွေမှာ စတုတ္ထမြောက် သေဆုံးမှုအမြင့်ဆုံး ဖြစ်ပါတယ်။ မုန့်ချိုအိတ်ရဲ့ တည်နေရာကြောင့် ရောဂါရှာသိဖို့ ခဲယဉ်းပြီး ကြာမှ သိလာရတတ်ပါတယ်။    “ ကင်ဆာတွေထဲမှာ အဆိုးဆုံးကင်ဆာကတော့ Pancreatic Cancer ပန်ကရိယကင်ဆာ ( မုန့်ချိုအိတ်ကင်ဆာ ) ဖြစ်ပါတယ်။ ဒီရောဂါ ဖြစ်ပြီဆိုရင် များသောအားဖြင့် (၂) လမှ (၆)လ လောက်ပဲ အသက်ရှင်ပါတယ်။ ဒါကြောင့် ကင်ဆာဘုရင်လို့ ခေါ်ပါတယ်။ “ လို့ ဒေါက်တာမော်နီကာသူရိန်က ပြောပါတယ်။   ရောဂါလက္ခဏာများ   ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ပြီး နောက်ကျောကိုပါ ပြန့်နှံ့ခြင်း အသားရောင်ဝါပြီး မျက်လုံးဖြူခြင်း အစားအသောက်ပျက်ခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်း စိတ်ကျခြင်း သွေးခဲခြင်း တို့ ဖြစ်ပြီး ရောဂါဆိုးလာတဲ့ အချိန်မတိုင်မီထိ လက္ခဏာ မပြတတ်ပါဘူး။    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ   စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေ ပိုဆိုးမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။   Advertisement  Click Here > Beauty Promo Pwal   ဒေါက်တာက “ အစောပိုင်းမှာ ဒီကင်ဆာရောဂါ ဖြစ်နေတာကို မသိဘဲ အစာအိမ်ရောဂါအနေနဲ့ မှားယွင်းပြီး ကုသနေတတ်ကြပါတယ်။ ပန်ကရိယရဲ့ ကိုယ်နဲ့ အမြီးမှာ ကင်ဆာဖြစ်နေရင် လူနာက ဗိုက်နာပါတယ်။ အစာအိမ်နဲ့ ကပ်နေတာကြောင့် အစာအိမ်က နာတယ်၊ အစာအိမ်ရောဂါ ဖြစ်တယ်လို့  ဆရာဝန်တွေက ထင်ကြပြီး အစာမကြေတာ၊ အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာလို့ မှားယွင်းစွာ ဆုံးဖြတ်ကြပါတယ်။ အဲဒီလို တခြားရောဂါအနေနဲ့ မှားယွင်းစွာ ကုသနေပြီး ပန်ကရိယကင်ဆာ ဖြစ်နေတယ်ဆိုတာ သိတဲ့အချိန်မှာတော့ အရမ်း အရမ်း နောက်ကျနေပါပြီ။ “ လို့ ဆိုပါတယ်။   ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ   ပန်ကရိယကင်ဆာ ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ ယနေ့တိုင် မသိရသေးပါဘူး။ ဒီကင်ဆာအမျိုးအစားဟာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ မုန့်ချိုအိတ်ထဲမှာ ကြီးထွားလာပြီး အကျိတ်ဖြစ်ပေါ်ရာကနေ စတင်ဖြစ်ပွားပါတယ်။ ပုံမှန်ဆဲလ်တွေဟာ သူ့ပမာဏအတိုင်းပဲ ကြီးထွားလာပြီး သေဆုံးတတ်ပါတယ်။ ကင်ဆာဖြစ်ရင်တော့ ဆဲလ်အရေအတွက် ပုံမှန်ထက်များပြားလာပြီး ပုံမှန်ဆဲလ်တွေကိုပါ ဝါးမြိုသွားပါတယ်။   ရောဂါဖြစ်နိုင်ခြေများ ဆေးလိပ်သောက်ခြင်း အဝလွန်ခြင်း လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်း အသီးအနှံအစားနည်းခြင်း အဆီများသော အစာစားခြင်း အရက်သောက်လွန်းခြင်း ဆီးချီုရှိခြင်း ပိုးသတ်ဆေး၊ ဓါတုဆေးဝါးများဖြင့် အလုပ်လုပ်နေရခြင်း မုန့်ချိုအိတ်နာတာရှည်ရောင်ရမ်းခြင်း အသည်းပျက်စီးခြင်း မုန့်ချိုအိတ်ကင်ဆာနှင့်ပတ်သက်၍ မိသားစုရာဇဝင်ရှိခြင်း၊ ကင်ဆာနှင့် ဆက်နွယ်သော မျိုးရိုးဗီဇ ချို့ယွင်းမှုရှိခြင်း စတဲ့ အခြေအနေတွေမှာ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားစေပါတယ်။   “ ပန်ကရိယကင်ဆာမဖြစ်ခင် တစ်နှစ်ခွဲကနေ ခြောက်လအတွင်းမှာ သွေးထဲက သကြားဓာတ်က ပိုမြင့်လာပါတယ်။ ကိုလက်စထရော စတဲ့ သွေးတွင်းအဆီဓာတ်တွေက ကျဆင်းလာပါတယ်။ အရေပြားအောက်က အဆီတွေ ကျလာပြီး ကိုယ်အလေးချိန်က ကျမသွားဘူး။ ပန်ကရိယကင်ဆာ မဖြစ်ခင် ခြောက်လအတွင်းမှာ သိသိသာသာ ပိန်သွားတယ်။ သွေးတွင်းအဆီဓာတ်တွေ ထပ်ပြီး ကျဆင်းလာတယ်။ သွေးတွင်းအချိုဓာတ် တဖြည်းဖြည်း တက်လာပြီး အကြောင်းထူးမရှိဘဲ တဖြည်းဖြည်း ကိုယ်အလေးချိန် ကျသွားရင် အထူးသတိထားဖို့ ကောင်းပါတယ်။ “ လို့ ဒေါက်တာမော်နီကာသူရိန်က သတိပေးပါတယ်။   Advertisement Click Here > Central Ko Soe Myint   ရောဂါအဖြေရှာခြင်းနှင့် ကုသမှု   ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ လက္ခဏာတွေကို သုံးသပ်ပြီး ရောဂါရာဇဝင် မေးပါလိမ့်မယ်။ အောက်ပါစစ်ဆေးနည်းတွေ ပါဝင်ပါတယ်။ မုန့်ချိုအိတ်အနေအထားကို အသေးစိတ်သိနိုင်ရန် CT၊ MRI ရိုက်ခြင်း အစာအိမ်လမ်းကြောင်းအတွင်း မှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်း အသားစနမူနာစစ်ဆေးခြင်း အကျိတ်လက္ခဏာ CA 19-9 ရှိမရှိ သွေးစစ်ခြင်း   ရောဂါအတည်ပြုပြီးရင် အောက်ပါအတိုင်း အဆင့်သတ်မှတ်ပါလိမ့်မယ်။ အဆင့် ၁။ အကျိတ်ဟာ မုန့်ချိုအိတ်အတွင်းမှာပဲ ရှိနေပါတယ်။   အဆင့် ၂။ အကျိတ်များဟာ နီးစပ်ရာ ဝမ်းဗိုက်အတွင်းက တစ်သျှူးနဲ့ ပြန်ရည်ကြောဖုတွေဆီ ပြန့်နေပါတယ်။   အဆင့် ၃။ အကျိတ်များဟာ အဓိကကျတဲ့ သွေးကြောနဲ့ ပြန်ရေကြောဖုတွေဆီ ပြန့်နှံ့နေပါတယ်။   အဆင့် ၄။ အကျိတ်များဟာ တခြား အင်္ဂါအစိတ်အပိုင်းများ ( ဥပမာ - အသည်း ) ကို ပြန့်နှံ့နေပါတယ်။   ဘယ်လိုကုသနိုင်သလဲ   ကင်ဆာအဆင့်ပေါ် မူတည်ပါတယ်။ ကုသမှုမှာ ရည်ရွယ်ချက် (၂) ခု ရှိပါတယ်။ ပထမတစ်ချက်က ကင်ဆာဆဲလ်တွေကို သေစေဖို့နဲ့ ဒုတိယတချက်က ရောဂါပြန့်နှံ့ခြင်းကို တားဆီးဖို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသည်းပျက်စီးခြင်း စတာတွေဟာ မုန့်ချိုအိတ်ကင်ဆာကုသစဉ်မှာ တွေ့ရများတဲ့ နောက်ဆက်တွဲပြသနာတွေပဲ ဖြစ်ပါတယ်။   ခွဲစိတ်ခြင်း   အကျိတ်ဟာ မုန့်ချိုအိတ်ထဲမှာပဲ ရှိသေးရင် ခွဲစိတ်ကုသပါတယ်။ နေရာအတိအကျ သိရပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်းနဲ့ လည်ပင်းပိုင်းမှာရှိရင် ဖြတ်တောက်ဖယ်ရှားတဲ့နည်း သုံးပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်းပိုင်းနဲ့ ကိုယ်ပိုင်းရဲ့ (၂၀) ရာခိုင်နှုန်းကို ဖယ်ရှားပါတယ်။ သည်းခြေအိတ် အောက်ခြေတစ်ဝက်နဲ့ အူရဲ့ အစပိုင်းကိုပါ ဖယ်ထုတ်ရပါတယ်။ နောက်နည်းလမ်းတစ်ခုမှာတော့ အစာအိမ်ရဲ့ တစိတ်တပိုင်းပါ ဖယ်ရှားပါတယ်။   Advertisement Click Here > Central Ko Soe Myint   ဒေါက်တာက “ ပန်ကရိယကင်ဆာကို ပျောက်အောင်ကုသနိုင်တဲ့ နည်းကတော့ ခွဲစိတ်ကုသခြင်းပါပဲ။ အထက်က ပြောသလို ဒီရောဂါကို သိတဲ့အချိန်မှာ နောက်ကျနေပြီ ဖြစ်တဲ့အတွက် လူနာ ၈၀% က ခွဲစိတ်လို့ မရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ကီမိုဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်း တွေကလည်း ပန်ကရိယကင်ဆာအပေါ် ထိရောက်မှု မရှိပါဘူး။ အခြား ကုသနည်းတွေ၊ ဆေးဝါးအသစ်တွေကလည်း စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ “ လို့ ပြောပါတယ်။   ဓါတ်ရောင်ခြည်သုံး ကုသခြင်း   မုန့်ချိုအိတ်အပြင်ကို အကျိတ်တွေ ပြန့်လာရင် X Ray နဲ့ တခြားစွမ်းအားမြင့် ရောင်ခြည်တွေကို ကင်ဆာဆဲလ်တွေ သတ်ဖို့ သုံးပါတယ်။   ကင်ဆာဆေးသွင်းခြင်း   ကင်ဆာဆဲလ်တွေ ထပ်မံမပြန့်ပွားရအောင် တခြားနည်းလမ်းတွေနဲ့ပါ ပေါင်းစပ် အသုံးပြုပါတယ်။   နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ   ဆေးလိပ်ဖြတ်ခြင်း အာဟာရပြည့်ဝအောင် စားသောက်ခြင်း တနေ့လျှင် နာရီဝက်ခန့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း အသီးအရွက် များများစားခြင်း အဆီများသော အစာများ ရှောင်ခြင်း အရက်ရှောင်ခြင်း စတဲ့ နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပန်ကရိယကင်ဆာအတွက် အထောက်အကူ ပြုပါတယ်။   ပန်ကရိယကင်ဆာကို ကုသခြင်းထက် ကြိုတင်ကာကွယ်ရေးက ပိုအရေးကြီးပါတယ်။ ဒါကြောက့် ဆေးလိပ်ဖြတ်တာ၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ အချိုရည် အလွန်အကျွံ သောက်ခြင်းကို ရှောင်ကျဉ်တာ၊ ပြုပြင်ထားတဲ့ အသားနဲ့ အသားကင်တွေကို လျှော့စားပြီး သန့်ရှင်း လတ်ဆတ်တဲ့ အသီးအနှံ၊ အရွက်တွေကို စားသုံးတာမျိုး အလေ့အကျင့် လုပ်ထားသင့်ပါတယ်။   အထူးသဖြင့် လူကြီးပိုင်းတွေအနေနဲ့ အသက် (၅၀) ကျော်ရင် သွေးတွင်းအချိုဓာတ် Blood Glucose Levels ကို အမြဲတိုင်းပါ။ သွေးအချိုဓာတ်တွေ တဖြည်းဖြည်း တက်လာမယ်၊ အဆီဓာတ်တွေ တဖြည်းဖြည်း ကျသွားမယ်၊ အကြောင်းထူးမရှိဘဲ ကိုယ်အလေးချိန်ကျမယ်  ဆိုရင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။   Ref : Hello Sayarwon, ဒေါက်တာမော်နီကာသူရိန်

Friday, 24 March 2023 16:50

လှည်းတန်းစင်တာမှာ သုံရက်တိုင် ကျင်းပသွားမယ့် နှစ်ကူးအကြို Beauty Promo Pwal

မိန်းကလေးတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေတဲ့ အချက်တွေထဲမှာ လှပကျော့ရှင်းအောင် နေတတ်ဖို့ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် နှစ်သစ်မှာ အလှသစ်နဲ့ Self-Confidence ကို မြှင့်တင်ချင်တဲ့ မဒီလေးတွေအတွက် Cosmetic၊ Skin Care Product နဲ့ Health Care Product အစုံအလင်ကို တစ်နေရာတည်းမှာ စျေးးသက်သက်သာသာနဲ့ ရွေးချယ် ဝယ်ယူနိုင်မယ့် Beauty Promo Pwal တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခု ကျင်းပမယ့် Beauty Promo Pwal မှာဆိုရင် Cosmetic၊ Skin Care၊ Perfume နဲ့ Beauty Health Care Products တွေကို လှည်းတန်းစင်တာရဲ့ ပရိုမိုးရှင်း ဧရိယာမှာ မတ်လ (၃၁) ရက်နေ့ကနေစပြီး ဧပြီလ (၂) ရက်နေ့အထိ ပရိုမိုးရှင်းတွေ၊ Discount တွေပေးပြီး ရောင်းချသွားမယ့်အပြင် ဝယ်ယူသူတွေကို မေတ္တာလက်ဆာင်တွေ ပေးသွားမှာမျိုး၊ ကံစမ်းမဲ ဖောက်ပေးတာမျိုး စတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်တွေလည်း ရှိပါသေးတယ်။   Advertisement Click Here > Promo Pwal Myanmar ပါဝင်ပြသရောင်းချသွားမယ့် Cosmetic နဲ့ Skin Care Product တွေကတော့ -- EverFit Kegel Exercise Device & Accessories- Marina Myanmar- KIYOI Myanmar- SAI Cosmetix- ZeeK Online Store- Nova Menstrual Cup- Bella- Hearty Heart- Heart Percent Myanmar- wet n wild Myanmar- Byphasse Myanmar - Virgo စတဲ့ Beauty Brand တွေ ဖြစ်ပါတယ်။ ပွဲအချိန်ကလည်း မနက် (၁၀) နာရီကနေ ည (၇) နာရီအထိ ကျင်းပသွားမှာမို့ အလှအပကို ချစ်မြတ်နိုးသူတိုင်းအတွက် ကြိုက်နှစ်သက်ရာ Product တွေကို သေချာစုံစမ်းမေးမြန်းပြီး ဈေးနှုန်းသက်သက်သာသာနဲ့ စိတ်ကြိုက်ဝယ်ယူနိုင်မယ့် အခွင့်အရေး ရရှိမှာဖြစ်ပါတယ်။ Date : 31 March - 1,2 April 2023 Time : 10:00AM to 7:00PM Venue : Hledan Centre, Promotion Area Event Link >> https://fb.me/e/3F1cgPQDt?mibextid=RQdjqZ ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းတစ်စုံတစ်ရာကို အသေးစိတ် သိရှိချင်တယ်ဆိုရင် Promo Pwal Myanmar ရဲ့ Page Messenger မှာ သွားရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်။ > https://bit.ly/3yUffRT

Monday, 20 March 2023 13:03

သင့်ခန္ဓာကိုယ်ကနေ အချက်ပြ သတိပေးနေတဲ့ ကိုယ်တွင်းရောဂါ လက္ခဏာများ

ကျွန်တော်တို့ ခန္ဓာကိုယ်က ကိုယ်တွင်းရောဂါ ကြီးကြီးမားမားမဖြစ်ခင်မှာ ရှေ့ပြေးလက္ခဏာအနေနဲ့ အချက်ပြပေးနေတဲ့ ကျန်းမာ‌ရေးပြသနာသေးသေးလေးတွေ ရှိပါတယ်။ လူအများစုက ဒါကို သတိပြုရကောင်းမှန်း မသိဘဲ ပေါ့ပေါ့ဆဆ နေတတ်ကြပါတယ်။ တကယ်က ဒီရောဂါလက္ခဏာတွေကို စောစောသိပြီး စောစော ကုသမယ်နိုင်မယ်ဆိုရင် ကျန်းကျန်းမာမာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကျန်းမာမှ စိတ်ချမ်းသာနိုင်မှာပါ။ ဒါကြောင့် ခန္ဓာကိုယ်က အချက်ပြပေးနေတဲ့ လက္ခဏာတွေကို ကြည့်ပြီး ဘယ်လို ကိုယ်တွင်းရောဂါတွေ ဖြစ်နိုင်ချေရှိလဲဆိုတာ မျှဝေသွားပါမယ်။ ၁။ မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းဘဲ ပက်လက်အနေအထားအတိုင်း ထကြည့်လိုက်လို့ မောမယ် မထနိုင်ဘူးဆိုရင် အဆုတ်၊ နှလုံး ရောဂါ ရှိနိုင်ပါတယ်။ ၂။ မနက်အိပ်ယာထခါစတွင် ခြေလက်များ ထုံကျဉ် သလိုလို လေးလံသလိုလို ဖြစ်နေရင် ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ ရှိနိုင်ပါတယ်။ ၃။ မနက်အိပ်ယာထစမှာ ခေါင်းတွေအုံ၊ မျက်စိတွေ ကြည့်မကောင်း၊ အကြောတွေတက် ဖြစ်နေလျှင် သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ပါတယ်။ ၄။ ပူပန်စရာ အထူးမရှိဘဲ ညစဉ် အိပ်မပျော်သလို၊ အိပ်ရေးမဝသလို ဖြစ်နေလျှင် အစာအိမ်နှင့် သည်းခြေအိတ် ရောဂါရှိနိုင်ပါတယ်။ ၅။ အမြဲ တစ်ခုခုကို အလိုမကျခြင်း၊ ဒေါသထွက် မြန်ခြင်း၊ စိတ်တိုခြင်း၊ ဝမ်းနည်းခြင်း၊ ငိုချင်နေခြင်း တို့ဖြစ်နေလျှင် စိတ်ကျရောဂါ၊ အသည်းအားနည်းရောဂါ ရှိနိုင်ပါတယ်။ ၆။ မျက်လုံးမို့အစ်ခြင်း၊ မျက်နှာ အဆီပြန်လွန်းပါက လိင်ပိုင်းဆိုင်ရာရောဂါနှင့် အသည်းအဆီဖုံးရောဂါ ရှိနိုင်ပါတယ်။ ၇။ ပုံမှန်လက်စွပ်များ ဝတ်မရ၊ ချွတ်မရတော့သည်အထိ လက်ချောင်းပြည့်ဖောင်းလွန်းပါက ဂေါက်ရောဂါ ကဲ့သို့ အဆစ်မြစ်ရောင်ရောဂါ ဖြစ်နိုင်ပါတယ်။ ၈။ သွားများ၊ မျက်စိများ ဝါလာခြင်း၊ လက်သည်း၊ ခြေသည်းခွံများ ဝါလာပါက အသည်းရောင် အသားဝါ B ပိုး၊ C ပိုး ရှိနိုင်ပါတယ်။ ၉။ မိန်းခလေးများ ဆီးကျဉ်ခြင်း၊ မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်းများ ဖြစ်နေပါက သားအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။      Advertisement Click Here > Green Leaf ၁၀။ ယောက်ျားလေးများ ညဘက် ဆီးခဏခဏ သွားခြင်း၊ ဆီးမထိန်းနိုင် ဖြစ်ပါက ဆီးကျိတ်ကြီးခြင်း၊ ကျောက်ကပ်နှင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ ၁၁။ ထိုင်ရာမှ ထရာ၌ မူးခြင်း၊ မိုက်ခြင်း ဖြစ်ပါက သွေးအားနည်းရောဂါ၊ အဆုတ်ရောဂါ ရှိနိုင်ပါတယ်။ ၁၂။ နာတာရှည်ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်ပါက အဆုတ်လမ်းကြောင်းမှာ ပြသနာတစ်ခုခု ရှိနေနိုင်ပါတယ်။ ၁၃။ အသားအရောင် ပြောင်းလဲလာခြင်း၊ အရေပြားပေါ်တွင် အညိုအမည်း စွဲခြင်း၊ မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်စွမ်း မရှိတော့ခြင်းတို့က နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ လက္ခဏာတွေပါ။ ၁၄။ ကြွက်သားတွေ အကြောဆွဲခြင်းက အာရုံကြောဆိုင်ရာ ချို့ယွင်းမှု (သို့) ကျောက်ကပ်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ ၁၅။ ဆောင်းတွင်းမှ မဟုတ်ဘဲ တခြားအချိန်တွေမှာလည်း ချမ်းနေတတ်တာက သွေးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ၁၆။ အရင်ကထက် ချွေးနံ့ပြင်းနေတာမျိုး ဖြစ်ရင် ဆီးချိုရောဂါ၊ အသည်းနှင့် ကျောက်ကပ်ရောဂါ ရှိနိုင်ပါတယ်။ ၁၇။ အမြဲတမ်း ရေဆာနေခြင်းကလည်း ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ၁၈။ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ခန္ဓာကိုယ်ပေါ်တွင် အညိုမည်းကွက်တွေ ဖြစ်လာမယ်ဆိုရင် သွေးခဲရောဂါ ဖြစ်နိုင်ပါတယ်။ အသက်ကို ဉာဏ်စောင့်တာမို့ သတိနဲ့ ယှဉ်ပြီး ရောဂါဆိုးဆိုးရွားရွား မဖြစ်ခင်မှာ အချိန်မှီ ကာကွယ်နိုင်ဖို့က အရေးကြီးပါတယ်။ *Credit to Original Uploader*