What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 17 October 2018 11:27

ဂေါက် (Gout)ရောဂါ အတွက် ရှောင်ရမည့်အစာများ

ဂေါက်(Gout)ရောဂါဆိုသည်မှာ အရိုးအဆစ်အမြစ် များတွင် ယူရစ်ဆက်စစ်အမှူန်အခဲများစုပုံခြင်းကြောင့် အဆစ်များနာကျင်ယောင်ယမ်းခြင်းဖြစ်ပါသည်။
ယူရစ်အက်ဆစ်ဆိုသည်မှာ ကျွန်ုပ်တို့စားသုံးသောအစားအစာများမှာ ရသည့် ပြူရင်း(purine)များကို ဖြိုခွဲ ရာမှ ထွက်လာသော ပစ္စည်းများဖြစ်ပါသည်။ယူရစ်အက်ဆစ်များ အများအပြားစုပုံလာသောအခါ အရိုးအဆစ်နာခြင်း(gout)အပြင် ကျောက်ကပ်ကျောက်တည်ခြင်း၊ကျောက်ကပ်မှပြွန်များပိတ်ဆို့ခြင်းတို့ဖြစ်ပေါ်ပြီး ကျောက်ကပ်ပျက်စီးသည်အထိ ဆိုးကျိုးဖြစ်ပေါ်စေပါသည်။
ဘယ်လိုလူတွေမှာ Goutရောဂါ ပိုဖြစ်နိုင်သလဲ
-မျိုးရိုးရှိသူများ၊အ၀လွန်သူများ၊သွေးတိုးရောဂါ နဲ့ဆီးချိုရောဂါရှိသူများ၊နှလုံးရောဂါသည်များ။
ယောက်ျားများသည်မိန်းမများထက် ဂေါက်ရောဂါ ဖြစ် နှုန်းပိုများပြားပါသည်။
ဘယ်အစားအစာတွေရှောင်သင့်လဲ။
High Purine Food(purine ပါဝင်မှုများသောအစာများ) and Moderate Purine Food
(Purine အတန်အသင့်ပါသောအစာများ)
-အရက်နဲ့ အရက်ပါသောအရာများ
-ပင်လယ်စာများ၊အခွံမာငါးများ(ဂဏန်း၊ဂုံး၊ခရု၊ကမာ၊ကျောက်ပုစွန်စသည်)
-ငါးသေတ္တာငါး၊ပင်လယ်ငါးအမျိုးမျိုး
-၀က်ပေါင်သား၊ကြက်ဆင်သား၊ကြက်သား၊ဘဲသား။
-အသဲအမြစ်စသော ကလီဇာများ။
-အနီရောင်အသားများ(အမဲ၊၀က်၊သမင်သား စသည်)
-ပေါင်မုန့်အဖြူ၊ထမင်းအဖြူ။
-သကြားနဲ့အချိုများ
-လက်ဖက်၊ ပဲပင်ပေါက်၊စတော်ဘယ်ရီသီး၊မျှစ်။
ဘာတွေစားသင့်လဲ။
-အဆီထုတ်ထားသောနွားနို့နဲ့နို့ထွက်ပစ္စည်းများ(ဒိန်ချဉ်၊ဒိန်ခဲ၊ချိစ်)
-ဂျုံကြမ်းပေါင်မုန့်
-ဗီတာမင် စီဆေးပြားများ
-ဘယ်ရီသီး
-ရေများများသောက်ခြင်း
-အသီးအရွက်များ
-နေကြာဆီ၊သံလွင်ဆီ
-ကော်ဖီနှစ်သက်လျှင်သောက်နိုင်ပါတယ်။
 
Source:Daily Hot News
 
Read times Last modified on Wednesday, 17 October 2018 11:56
Rate this item
(1 Vote)