What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 April 2018 11:35

ဆံပင်ကျွတ်ခြင်းသက်သာအောင် စားသုံးသင့်တဲ့ အစားအစာ(၅) မျိုး

ဆံပင်ကျွတ်ခြင်းသက်သာအောင် စားသုံးသင့်တဲ့ အစားအစာ(၅) မျိုး google.com

မိန်းကလေးတစ်ယောက်မှာ ဆံပင်၏ကောင်းခြင်းဟာလည်း အလွန်အရေးပါလှပါတယ်။ကောင်းခြင်း(၅) ဖြာမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဆံပင်၏ကောင်းခြင်းကို ပျိုမေတို့ပိုင်ဆိုင်နိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်တွေကျွတ်ပြီး ဆံပင်ပါးနေလို့စိတ်ညစ်နေပါသလား။ ဒါတွေကို သက်သာစေနိုင်ဖို့သာမာန်အိမ်တွင်း ပစ္စည်းလေးတွေနဲ့ပဲပြုလုပ်လို့ရနိုင်ပါတယ်။

ပထမဦးစွာ မိမိ၏ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းများကို သေချာသိအောင် ပြုလုပ်ရပါမယ်။ဆံပင် ကျွတ်ရခြင်း အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။

(၁) မျိုးရိုးဗီဇကြောင့်ဖြစ်တာ

(၂) စိတ်ဖိစီးမှုတွေ များတာ၊

(၃) တိုက်ဖွိုက်၊ သွေးအားနည်းရောဂါနဲ့ အသည်းရောင်အသားဝါလို မျိုးရောဂါတခုခုရှိနေတာ၊

(၄) သွေးလည်ပတ်မှုမကောင်းတာ၊

(၅) ဦးရေပြားသန့်ရှင်းမှု အားနည်းတာတွေကြောင့်၊

ဆံပင်ကျွတ်နိုင်ပါတယ်။

ဆံပင်ကျွတ်တာကို သဘာဝနည်းလမ်းကိုသုံးပြီး ဖြေရှင်းတာက ပိုမိုထိရောက်သလို ပိုပြီးလည်း အန္တရာယ်ကင်းပါတယ်။ ဓာတုဗေဒဆေးတွေအသုံးပြုပြီး ဆံပင်မကျွတ်အောင် လုပ်တာက ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။

ဦးခေါင်းပေါ်မှာရှိတဲ့ ၁၅၀.၀၀၀ လောက်နီးပါးရှိတဲ့ ဆံတွင်းအိတ်လေးတွေ ကျန်းမာပြီး ဆံပင်တွေ သန်စွမ်းမှုရှိစေဖို့နှင့် ဆံပင်ကျွတ်တာသက်သာအောင် နေ့စဉ်စားသုံးပေးသင့်တဲ့အစားအစာ (၅) မျိုးလိုအပ်ပါတယ်။

(၁) ပရိုတင်းရရှိစေဖို့ ဥအမျိုးမျိုး

ဆံပင်ကို အဓိကဖွဲ့စည်းထားတာက ပရိုတင်းပါ။ နေ့စဉ်စားသုံးတဲ့အစားအစာ တွေထဲမှာ ပရိုတင်းဓာတ်ကြွယ်ဝအောင်စားသုံးပေးဖို့လိုအပ်ပါတယ်။ဒါကြောင့် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ဥအမျိုးမျိုးကို နေ့စဉ်စားသောက်မှု ပုံစံတွေထဲမှာ ပါအောင်စားပေးဖို့လိုပါတယ်။

(၂) သံဓာတ်ရရှိစေဖို့ အစိမ်းရင့်ရောင် အသီးအနှံများ

သံဓာတ်က ဆံသားကဆဲလ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေကို ပေးနိုင်စွမ်းပါတယ်။ ခန္ဓာကိုယ်မှာ သံဓာတ်ကမရှိမဖြစ်ပါနေသလို ဆံသားမှာ သံဓာတ်အားနည်းနေလျှင်လည်း ဆံပင်အိတ်တွေဆီကို သံဓာတ်အပြည့်အဝမထောက်ပံ့ပေးနိုင်ဘဲ ဆံပင်ကျွတ်တာတွေ ဖြစ်လာရတာပါ။

(၃) ဗီတာမင်စီ

ဗီတာမင်စီကိုများသောအားဖြင့် အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေက ရရှိပါတယ်။ ဥပမာ- သံပရာသီး၊ ရှောက်သီး၊ သရက်သီး၊ လိမ္မော်သီး၊ စတဲ့ အချဉ်ဓာတ်ပါတဲ့ အသီးတွေစားသုံးပေမယ်ဆိုရင် ဆံသားကို ကျန်းမာသန်စွမ်းထူထဲစေမှာပါ။

(၄) အိုမီဂါ-3

Omega-3 Fatty Acids က ဆံပင်ထူစေဖို့အတွက် အဓိကနေရာကအားဖြည့်ပေးနေပါတယ်။ ခန္ဓာကိုယ်က ဒီဓာတ်ကို မထုတ်လုပ်ပေးနိုင်သည့်အတွက် အခြားသောအစားအစာများဖြစ်သည့် (အခွံမာသီး)တို့ကို အဆာပြေမုန့်အဖြစ်စားသုံးပေးရင်တောင်မှ ဆံပင်ကျွတ်တာသက်သာစေပါတယ်။

(၅) ဗီတာမင်-အေနှင့် ဗီတာမင်-အီး

ဗီတာမင်-အေနှင့် ဗီတာမင်-အီး ကြွယ်ဝစွာ ပါဝင်တဲ့ မုန်လာဥနီစားပေးခြင်းဟာလည်း ဆံသားထူထဲလာမှုကို ကူညီပေးမှာပါ။ ဆံပင်ဟာမိမိခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကြီးထွားမှုအလျင်မြန်ဆုံးတစ်သျှူးကို ပိုင်ဆိုင်ထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ဗီတာမင်-အေကဲ့သို့ ဦးရေကို အားဖြည့်ပေးနိုင်တဲ့ဓာတ်တွေ၊ ဗီတာမင်-အီးကဲ့သို့ ဦးရေပြားနှင့် ဆံပင်အိတ်တွေရဲ့သွေးလည်ပတ်မှုကို ကောင်းမွန်အောင်လုပ်ပေးတဲ့ဓာတ်တွေ လိုအပ်တာ အသေအချာပါပဲ၊ ဒါ့အပြင် ဗီတာမင်-အီးက ဆံပင်အိတ်တွေထဲက အဆီပမာဏကိုလည်း ထိန်းညှိုပေးပါတယ်။

ဖော်ပြပါ နည်းလမ်းလေးတွေအသုံးတည့်၍ ကျန်းမာသန်စွမ်း၊ ကျော့ရှင်းသော ဆံသားအလှများကို ပိုင်ဆိုင်နိုင်ကြပါစေ။

 Read: မပင်ပန်းပဲ ဝိတ်ကျစေနိုင်သည့်နည်းလမ်းလေးတစ်ခု

nah span 1

Read times
Rate this item
(1 Vote)