What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 May 2018 15:36

ဖြူဝင်းတဲ့ သွားလေးတွေပိုင်ဆိုင်ဖို့ နည်းလမ်း (၈ )ချက်

ဖြူဝင်းတဲ့ သွားလေးတွေပိုင်ဆိုင်ဖို့ နည်းလမ်း (၈ )ချက် google.com

လက်ဖက်ရည်၊ ကော်ဖီ အလွန်အကျွံသောက်သုံးမှု၊ လွဲမှားတဲ့သွားကျန်းမာရေးစောင့်ရှောက်မှု၊ အသက်အရွယ်ကြီး ရင့်လာမှုတွေကြောင့် သွားကြွေလွှာတွေအ၀ါရောင်သန်းလာလေ့ရှိပါတယ်။

ဒ့ါအပြင် စားလိုက်တဲ့အစားအစာ အမျိုးအစားပေါ်မူတည်ပြီး သွားအရောင်အလွယ်တကူပြောင်းစေနိုင်သလို၊ သွားတွေကိုသေချာဂရုစိုက် စောင့်ရှောက်ခြင်းမရှိပါက သွားတွေပျက်စီးဆုံးရှုံးခြင်းအဖြစ်နဲ့ ကြုံတွေ့ရစေနိုင်ပါတယ်။ ဒါကြောင့် ပုလဲလုံးလေးတွေလို ၀င်းလက်တောက်ပပြီး ခိုင်မာတဲ့သွားပိုင်ရှင်တွေဖြစ်စေဖို့အတွက် အိမ်သုံးနည်းလမ်းလေးအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

1.   မုန့်ဖုတ်ဆိုဒါ

Image result for baking soda

        ရေနွေး (ဖန်ခွက်တစ်ခွက်စာ)ထဲမှာ မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း 1 ဇွန်း ရောပြီး ပလုပ်ကျင်းဆေးရည်အဖြစ် အသုံးပြုပါ။ တစ်နေ့ သုံးကြိမ် ပလုပ်ကျင်းပေးပါ။

2.   စတော်ဘယ်ရီသီး

Related image

        စတော်ဘယ်ရီသီးမှာ ဗီတာမင် C ပါဝင်တာကြောင့် သွားများဖြူဖွေးသန့်စင်စေရာမှာ များစွာအထောက် အကူပြုပေးနိုင်ပါတယ်။ စတော်ဘယ်ရီသီးကို အနှစ်သားရအောင်ကြိတ်ချေပါ။ ယင်းအနှစ်နဲ့သွားများကို ညင်သာစွာပွတ်တိုက်ပေးပါ။ တစ်နေ့ နှစ်ကြိမ်ဖြင့် နှစ်ပတ်ကြာပြုလုပ်ပေးပါက သွားကြွေလွှာပေါ်ရှိ အ၀ါရောင်အစွန်းအထင်းတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။

3.   ရှောက်သီး

Image result for lemon juice

        အရည်ညှစ်ထားသော ရှောက်ရည်ထဲကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ရောထည့်ပြီး ပလုပ်ကျင်းပေးပါ။ ဒါမှမဟုတ် ရှောက်ခွံနဲ့ သွားကြွေလွှာများကို ပွတ်တိုက်ခြင်းဟာလည်း သွားများကို ဖြူစင်တောက်ပစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

4.   ပင်စိမ်းရွက်

Image may contain: plant, nature and outdoor

        ပင်စိမ်းရွက်မှာ သွားဖြူစေတဲ့အစွမ်းသတ္တိရှိတဲ့အပြင် သွားပတ်လည်သွားဖုံးတွင် ပြည်တည် ပြီး ရောင်ရမ်းခြင်း၊ တစ်နည်းအားဖြင့် ရေစီးကမ်းပြိုဖြစ်ခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။ ပင်စိမ်းရွက်များကို နေလှမ်းပြီးနောက် အမှုန့်ဖြစ်အောင်ထောင်းပါ။ ယင်းအမှုန့်ကို မုန်ညင်းဆီရောပြီး အသုံးပြုနိုင်သလို သွားတိုက်ဆေးမှုန့်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

5.   လိမ္မော်ခွံ

Image result for လိမ္မော်ခွံ

        ညအိပ်ရာမ၀င်မီ သွားကြွေလွှာများကို လိမ္မော်ခွံဖြင့်ပွတ်တိုက်ပါ။ နံနက်ရောက်ချိန်မှ ရေအေးနဲ့ ပလုပ် ကျင်းပေးပါ။ လိမ္မော်ခွံမှာပါဝင်တဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် C ဟာ သွားကြွေလွှာရှိ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်ပိုးများကိုသေစေနိုင်ပြီး သွားများကိုပိုမိုခိုင်မာ၊ ပိုမိုဖြူစင်တောက်ပစေနိုင်ပါတယ်။

6.   ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အရည် (Hydrogen Peroxide)

Image result for hydrogen peroxide for teeth

        ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အရည်ဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပြီး သွားကြွေလွှာရှိ အ၀ါရောင် အစွန်းအထင်းတွေကို ပျောက်ကွယ်စေနိုင်ပါတယ်။ ၎င်းကို ပလုပ်ကျင်းဆေးရည်အဖြစ်အသုံးပြုပါ။ မျိုမချမိစေရန်သတိပြုပါ။

7.   ငှက်ပျောခွံ

Image result for ငှက်ပျောခွံ

        သွားကြွေလွှာများကို ငှက်ပျောအတွင်းခွံဖြင့် 5 မိနစ်ကြာ တစ်နေ့ နှစ်ကြိမ်တိုက်ပေးပါ။ ငှက်ပျောခွံမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ သွားကြွေလွှာကို ဖြူစင်စေနိုင်ပါတယ်။

8.   မီးသွေးခဲ

Image result for charcoal

          ရှေးခေတ်က မီးသွေးခဲနဲ့ သွားတိုက်လေ့ရှိပါတယ်။ မီးသွေးခဲမှာ ပြောင်လက်စေတဲ့ဓာတုပစ္စည်း (Crystal based chemical) ပါဝင်တာကြောင့် သွားကြွေလွှာတွေကို ဖြူစင်စေနိုင်ပါတယ်။ မီးသွေးမှုန့်ကို သွားတိုက်ဆေးနဲ့ရောပြီး နေ့စဉ်တိုက်ပေးပါက ၀ါနေတဲ့သွားတွေ ပြန်ဖြူလာနိုင်ပါတယ်။

Source: Dr Myanmar

Read: အဆီပြန်တဲ့အသားအရေ ပိုင်ရှင်များအတွက် နည်းလမ်းကောင်း(၆) ချက်

အဆီပြန်တဲ့အသားအရေ ပိုင်ရှင်များအတွက် နည်းလမ်းကောင်း(၆) ချက်

Read times Last modified on Monday, 14 May 2018 15:51
Rate this item
(0 votes)